မူလစာမျက်နှာ ဗဟုသုတ အမေးအဖြေ ဓာတ်ပုံ ဗီဒီယို ကျောင်းသင်ခန်းစာ

Friday, November 12, 2010

ဘဝအလင်းရောင်

ဘဝ ဘဝတွေကို အသိဥာဏ်ဟူသော အလင်းရောင်ဖြင့် ချယ်မှုန်းလိုက်သောအခါ ချယ်မှုန်းခံရသူကိုယ်တိုင် သူ့ဘဝတွင် သူ၏အလင်းရောင်ဖြင့် ဦးစွာပထမ သူ့ဘဝကို
 အလင်းရောင်ရရှိအောင် စွမ်းဆောင်နိုင်ပါလိမ့်မည်၊
ထို့ထက်စွမ်းမူကာ သူ၏ပတ်ဝန်ကျင်နှင့် သူ့အမျိုး သူ့ဘာသာ သူ့သာသနာကို အလင်းရောင်ပေးနိုင်သူဖြစ်ပါလိမ့်မည်။
မည်သည့်အတတ်ပညာမဆို ကျွမ်းကျင်တတ်မြောက်လျှင် အကောင်းဆုံးနှင့် သူ့ဘဝအတွက် အလင်းရောင်ဖြစ်သော်လည်း အေးချမ်းမှူ၊ ကြွယ်ဝမှူနှင့်၊ ငြိမ်းချမ်းမှူကို ဦးတည်နိုင်သော အသိဥာဏ်ဖြင့် လောကကို ဦးဆောင်နိုင်မည်ဆိုပါက
တနည်းအားဖြင့် သုမေဓာရှင်ရသေ့လို ပေးဆပ်လိုသော လောကကို ကျေးဇူးဆပ်လိုသော အသိဥာဏ်ရောင်ဖြင့် ဦးဆောင်မည်ဆိုပါက လူသားအားလုံး
အေးချမ်းမှူ၊ ကြွယ်ဝမှူနှင့်၊ ငြိမ်းချမ်းမှူကို ရရှိနိုင်လိမ့်မည်ဟူသော အာသီသဖြင့် Thelightoflife81 ဟူသော ဆိုက်လေးကို ဖန်းတီးခြင်းဖြစ်ပါကြောင်း။